Thursday, October 10, 2019



Forex & Gold Trading မှာ အောင်မြင်တဲ့ 

Trader တစ်ဦးဖြစ်စေဖို့... (1)

[Unicode Version]

Trading Psychology (1)


📝 ယနေ့ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း လူစိတ်ဝင်စားမှု ပိုမိုများပြားလာတဲ့ ကမ္ဘာ့ရွှေဈေး (World Gold Trading/Commodity Markets Trading) နဲ့ Forex Trading လောကကို စိတ်ဝင်စားပြီး ... ...

1. Trader တစ်ဦးအဖြစ် ဝင်ငွေရလမ်းတစ်ခု ထပ်မံချဲ့ထွင်လိုကြတဲ့ Beginner Trader များ၊

2. Trading လောကမှာ ရပ်တည်နေတာ ကြာနေပေမယ့် Losing Side ဘက် ရောက်နေကြတဲ့ (သို့) ဆုံးရှုံးမှုတွေ ကြုံတွေ့နေကြရတဲ့ Trader များ၊

3. တချို့ လတွေ Profit ရလိုက်၊ တချို့လတွေ Minus ပြလိုက်နဲ့... စာရင်းချုပ်လိုက်တော့ ဒုံရင်းအတိုင်းပဲ ဖြစ်နေတဲ့ Winning Side ဘက် ရောက်လုနီးပါး ဖြစ်နေကြတဲ့ Trader များ နဲ့

4. Forex and Gold Trading ကို စိတ်ဝင်စားကြသူ အားလုံးကို အထောက်အကူ တစ်စုံတစ်ရာဖြစ်စေဖို့ အတွက်... အောင်မြင်တဲ့ Trader တစ်ဦးမှာ မဖြစ်မနေ ရှိကိုရှိနေရမယ့် အချက်အလက်များကို အသေးစိတ် ရေးသားတင်ဆက်ပေးမယ့်... "How to Become a Successful Trader" အပိုင်း - 1 ဖြစ်ပါတယ်။

📌 ဒီအခန်းဆက် ဆောင်းပါးတွေကို Forex Directory Page ကနေ Market ပိတ်ရက်ဖြစ်တဲ့ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ အောင်မြင်တဲ့ Trader တစ်ဦးဆိုတာ ဘာလဲ ဆိုတာကနေ စရအောင်ပါ။


📈အောင်မြင်တဲ့ Trader တစ်ဦးဆိုတာ…❓📈

Trading လောကမှာ အောင်မြင်တဲ့ Trader တစ်ဦးဆိုတာ...

  •  Trade တစ်ခု နိုင်တာရှုံးတာ၊
  • Transaction အများစုရဲ့ အနိုင်အရှုံးရလဒ်တွေ၊ (Winning Rate 70% or 80%) ကိုယ့်ရဲ့ခန့်မှန်းချက်က 70%, 80% မှန်ကန်တာ၊
  • ကိုယ်ဝင်လိုက်တဲ့ Transaction အများစုက Profit ပြနေတာတွေကို ဆိုလိုတာ မဟုတ်ပါဘူး။


 အောင်မြင်တဲ့ Trader/Investor တစ်ဦးဆိုတာ...

  • နေ့စဉ်၊ အပါတ်စဉ် Trade နေရင်းနဲ့ နှစ်ပါတ်လည် တစ်နှစ်ပြည့်လို့ စာရင်းချုပ်လိုက်ရင် မိမိရဲ့ရင်းနှီးငွေ (Capital Money) ထက် ပိုပြီး အမြတ်ရနေတဲ့သူ (သို့မဟုတ်) နှစ်ချုပ်လိုက်ရင် မိမိရဲ့ Trading Account မှာ မိမိရဲ့ Capital $ ထက်ပိုတဲ့ Balance $ ရရှိနေတဲ့ Trader
  • ဒီထက်ပိုပြီးဆိုရရင်တော့ အောင်မြင်တဲ့ Trader/Investor တစ်ဦးဆိုတာ ကာလရှည်ကြာ LongTerm မှာ နှစ်စဉ်နှစ်တိုင်း Consistent Profit% ရနေတဲ့သူကိုမှသာ Successful Trader လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။***

ဒီ Successful Trader Definition က Trading မှာ Successful Trader ဖြစ်ချင်သူတစ်ဦးအတွက် ပထမဆုံး
သိထားရမယ့် အရေးအကြီးဆုံး Trading Psychology ဖြစ်ပါတယ်။
အရမ်းအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို သေချာနားလည်ထားတာမရှိပဲနဲ့ Trading လာမလုပ်ပါနဲ့။ ထည့်သမျှငွေ အကုန် ကုန်ပါမယ်။


“ အသိမိတ်ဆွေတွေ လုပ်နေကြလို့၊ ဘယ်သူဘယ်ဝါကဖြင့် ဘယ်လောက်မြတ်နေတယ်၊ ဘယ်လို အကြံပေးမယ်ပြောလို့၊ မိနစ်ပိုင်း စက္ကန့်ပိုင်းလေးနဲ့ $ရာချီ ထောင်ချီရလို့ ငွေရှာရလွယ်လို့၊ လူပြောများလို့၊ ကြားရဖန်များလို့” … … စတဲ့ အကြောင်းပြချက်၊ Mindset တွေနဲ့ Trading လောကထဲ လောဘကို အခြေခံတဲ့စိတ်တွေနဲ့ ဘယ်တော့မှ ဝင်မလာပါနဲ့။ အကုန် ကုန်ပါမယ်။


*** Trading ကို လောဘအခြေခံတဲ့စိတ်နဲ့ လာလုပ်ရင် သေချာပေါက် 100% ရှုံးမယ်။ ထည့်သမျှ ကုန်မယ်။ Trade ကာစ နိုင်ချင်နိုင်ပါလိမ့်မယ်။ အချိန်တွေ ကြာလာရင်တော့
“ မြတ်ရင် နည်းနည်း၊ ရှုံးတော့ အပြောင်ပဲ ” ဆိုတဲ့ အခြေအနေတွေ ကြုံရမယ်ဆိုတာ ကျွန်တော် 100% အာမခံပါတယ်။ ***

အောင်မြင်တဲ့Trader တစ်ဦးဖြစ်ဖို့အတွက် ပထမဆုံးလိုအပ်တာက FA/TA တွေ လေ့လာဖို့ထက်၊ Trading ရဲ့ သဘောသဘာ၀တွေကို သေချာလေ့လာဖို့၊ Trading Psychology ပိုင်းကို အရင်လေ့လာပြီး သေချာပြင်ဆင်ထားဖို့က ပိုအရေးကြီး၊ ပိုလိုအပ်ပါတယ်။




Preparing Trading Psychology


Trading Psychology ကို ပြင်ဆင်ရာမှာ -
1. ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့စိတ် မွေးပါ။ 
 ငါ ဒီလောကမှာ Successful Trader တစ်ယောက် ဖြစ်ကို ဖြစ်ရမယ်" ဆိုတဲ့ စိတ်ဓာတ်ကို အရင်ဆုံး မွေးမြူပါ။ 

2. မိမိကိုယ်ကို ဆန်းစစ်ပါ။ ဆုံးဖြတ်ချက် ချပါ။
 📊 ကိုယ်နဲ့ အကျွမ်းတဝင် မရှိပေမယ့် အကျိုးအမြတ် ရနိုင်ခြေများလို့ Invest လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ စီးပွားရေးလုပ်ငန်းသစ် တစ်ခုကို ရေရှည်မှာ အောင်မြင်အောင် လုပ်မယ်ဆိုတဲ့စိတ်။

📊 နှစ်စဉ်အမြတ်ရနေတဲ့ ငွေဝင်လမ်းကြောင်းအသစ်တစ်ခု၊ ခိုင်မာတဲ့ Business တစ်ခု ဖြစ်အောင် တည်ဆောက်မယ် ဆိုတဲ့ စိတ်။

📊 ဒါမျိုး စိတ်ဓာတ်တွေ မိမိမှာ ပိုင်ဆိုင်ထားပြီလား။ Trading ကို ရေရှည်လုပ်ကိုင်သွားမယ့် စီးပွားရေးလုပ်ငန်း တစ်ခုလို သဘောထားနိုင်ပြီလား။ ကိုယ့်ဘာသာ သေချာဆန်းစစ်ပါ။  OK တယ်ဆိုမှ Trading လောကထဲ ဝင်လာဖို့ ဆုံးဖြတ်ချက် ချပါ။

3. Long Term ကို စဉ်းစားတွေးခေါ်တဲ့စိတ်မွေးပါ။
“ Long Term မှာ နှစ်စဉ် Profit ပုံမှန်ရနေတဲ့ Successful Trader တစ်ဦးအဖြစ် ရပ်တည်သွားမယ် " ဆိုတဲ့ စိတ်ဓာတ်၊ တနည်းအားဖြင့်... “ အပြင်စီးပွားရေးလောကမှာ နှစ်စဉ် အမြတ်ရနိုင်တဲ့၊ ရေရှည်လုပ်မယ့် လုပ်ငန်းသစ်တစ်ခုအတွက် သေချာပြင်ဆင်သလိုမျိိုး Trading အတွက် အချိန်ပေးပြီး လိုအပ်တဲ့ ပညာရပ်တွေ စနစ်တကျ လေ့လာမယ်၊ အမြတ်ရနိုင်တာ သေချာတဲ့အထိ Demo နဲ့ လေ့လာ လေ့ကျင့်မယ်။ ပြီးမှ Real နဲ့ Trade မယ် " ဆိုတဲ့ စိတ်ဓာတ် မိမိမှာရှိအောင် အရင်ဆုံး မွေးမြူပါ။ 


4. ရေတိုကို မစဉ်းစားပဲ ရေရှည် အနာဂတ် (Long Term) အတွက်သာ ပြင်ဆင်ပါ။
  ဒီလိုမျိုး Long Term စိတ်ဓာတ် ရှိထားမှ...
✴ Trading လောကထဲ ကြုံဆုံ ပတ်သက်လာသမျှတွေကို Long Term အမြင်နဲ့ပဲ သုံးသပ် ချဉ်းကပ်ပြီး စဉ်းစားလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

✴ Long Term မြင်လာတာနဲ့အမျှ ရှေ့အနာဂတ်မှာ လောင်းကစားဆန်တဲ့ Short Term လုပ်ရပ်တွေဖြစ်တဲ့…
- တစ်ရက်တာ တခဏတာအတွင်း လုပ်ကိုင်သမျှ Trade Entry တိုင်းကို လောင်းကစားဆန်ဆန် လုပ်ကိုင်မိတာတွေ၊ (တစ်ရက်တာ Trade တစ်ခုထဲနဲ့ မိမိ Total Capital ရဲ့ 10%, 20%, 30%... 50% ထိ ဆုံးရှုံးခံတာမျိုးတွေ)

- Lot Size ကို စည်းကမ်းမရှိ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် (မနေ့က 0.1Lot ၊ ဒီနေ့ 1Lot၊ နက်ဖြန် 2 Lot) နဲ့ လုပ်ချင်ရာလုပ်မိတာတွေ။

- SL/TP ထားချင်ရာထား၊ သူများပြောတဲ့ နေရာထား။

- Position Sizing မသိ။ Entry/SL/TP နဲ့ Balance ကိုကြည့်ပြီး၊ Lot Size ညှိရမယ်မှန်းမသိတာတွေ။

- Risk ကို မမြင် Limit မထား၊ ခဏတာအတွင်း ငွေများများ မြန်မြန်ရလိုတဲ့ လောဘစိတ်နဲ့ ကိုယ်အမြတ်ရဖို့ပဲတွေး။ … … မြတ်နေချိန် ရသလောက် အမြတ်နဲ့ထွက်ဖို့သာ စဉ်းစား၊ ရှုံးတဲ့ခါ ဘာလုပ်မယ်ဆိုတဲ့ Plan ကြိုဆွဲမထားခဲ့တော့... အရှုံးနဲ့ ရင်ဆိုင်ရချိန်ကျ အရှုံးကို cut out လုပ်ဖို့ မလုပ်ရဲ၊ ဈေးကွက် ကိုယ့်ဘက်ပြန်လှည့်လာလေမလား မျှော်လင့်စိတ်နဲ့ အရှုံးပြနေတာကို ဆွဲဆန့်မိတဲ့ လုပ်ရပ်တွေ၊ ပြောင်းပြန်ပြန်ကာ (Hedge/Lock) မိတာတွေ၊

- ခိုင်မာတဲ့ အကြောင်းပြချက်အပေါ် အခြေခံပြီး ဈေးကွက်ကို မချဉ်းကပ်ပဲ၊ ခိုင်မာမှုမရှိတဲ့ “ ဘယ်သူဘယ်ဝါကပြောလို့၊ ဘယ်သတင်းမှာ ဖတ်မိလို့၊ ဒီနေ့သတင်းက အလှုပ်အခတ်များမှာမို့ ငွေများများရနိုင်တယ်ဆိုတဲ့...” ထင်ကြေးတွေ အပေါ်ပဲ အခြေခံ၊ လောဘစိတ်နဲ့ ဈေးကွက်ကို ချဉ်းကပ်၊ အလွယ်တကူ အရောင်းအဝယ်လုပ်မိတာမျိုးတွေ...

အစရှိတဲ့ Loser တွေရဲ့ ပြောမဆုံးနိုင်တဲ့၊ ထပ်တူညီတဲ့ အမှားအယွင်းတွေက Long Term စိတ်ထားထားတဲ့ ကိုယ့်အလှည့်မှာ မကြုံရမှာ ဖြစ်ပါတယ်။

5. ပြင်ပလောကနဲ့ နှိုင်းယှဉ် သုံးသပ်ပါ။ ရေရှည်အတွက်သာ အချိန်ပေးပြီး ပြင်ဆင်ပါ။

📝 ဘယ်လုပ်ငန်း၊ ဘယ်စီးပွားရေးမဆို... Long Term Vision မရှိ၊ လောဘနောက်လိုက် Short Term Vision တွေနဲ့ ငွေနောက်လိုက်မိတဲ့သူတိုင်း Long Term မှာ ဘယ်တော့မှ Successful မဖြစ်၊ ထိပ်ဆုံးမရောက်တဲ့ "အလိုကြီး အရနည်း"တဲ့.. လောကသဘာဝ၊

📝 Profit ကိုပဲ အာရုံစိုက်၊ Risk ကို ဂရုမစိုက်ပဲ အမြဲလုပ်တတ်တဲ့သူ၊ တနပ်စားကြံ လောဘကြီးတဲ့သူက ဘယ်သောခါမှ ရေရှည်မှာ မအောင်မြင်နိုင်တဲ့.. အမှန်တရား၊

📝 Short Term မှာ ဘယ်လိုပဲ ကျရှုံးပါစေ၊ လဲပါစေ။ Long Term Vision အားကောင်းလို့ ကိုယ့်အမှားတွေပြင်၊ လဲကျတိုင်း အမြဲပြန်ထနိုင်တဲ့ သူတွေကသာ ကဏ္႑တိုင်းမှာ ထိပ်ဆုံးရောက်ပြီး အောင်မြင်သူတွေအဖြစ် ရပ်တည်နိုင်တယ်ဆိုတဲ့... ဖြစ်ရပ်မှန်များစွာ၊

📝 Profit ထက် Risk & Money Management နဲ့ Discipline ရှိတဲ့သူ၊ အရာရာ တစ်နပ်စားထက် ရေရှည်အကျိုးကိုတွေးတဲ့သူတွေကပဲ ကဏ္႑စုံမှာ အောင်မြင်နိုင်တယ်ဆိုတဲ့... သာဓကတွေ နဲ့

📝 မိမိ Long Term Plan အတွက် ပြင်ဆင်နေချိန် အမှားတွေ လုပ်မိနေချိန်မှာ ပြန်လည်နှိုင်းယှဉ်သုံးသပ်ပါ။ ထပ်လေ့လာပါ။ အမှားပြင်ပြီး ပြန်စမ်းပါ။ ထပ်လေ့လာပါ။ အမှားထပ်ပြင်။ ထပ်စမ်းပါ။ Global က Pro Trader တွေအကြောင်း Google, YouTube မှာ လေ့လာရင်း စိတ်ကိုတင်းပါ။


ရေရှည်မှာ ပုံမှန်အမြတ်ရအောင်မြင်ဖို့အတွက် ပါရမီမလို၊ လေ့လာမှု၊ လေ့ကျင့်မှု၊ စည်းစနစ်ရှိရှိ စိတ်ရှည်ဖို့ပဲလိုတဲ့ Trading နယ်ပယ်မှာ အောင်မြင်တဲ့ Pro Trader တစ်ယောက်ဖြစ်ဖို့ အစွမ်းကုန် လေ့လာအားထုတ်မယ်ဆိုတဲ့ စိတ်ရှိတဲ့ ခင်ဗျားအတွက် .. ပထမဦးဆုံးအနေနဲ့ Long Term စိတ်ဓာတ်ရှိဖို့၊ မှန်ကန်တဲ့ Trading Psychology ပိုင်း ရှိထားဖို့က ဦးစားပေးပြင်ဆင်ရမယ့် အချက်ဖြစ်ပါတယ်။



🔴 Long Term Vision ရှိထားမှ... 
 Long Term Successful Trader တစ်ဦးလို တွေးခေါ်လုပ်ကိုင်လာနိုင်မှာပါ။

🔴 Long Term Vision ရှိထားမှ...
 Long Term Vision မရှိ၊ Long Term Plan မရှိ၊ လုပ်ချင်ရာလုပ်ခဲ့မိလို့ (Daily, Weekly, Monthly မြတ်ချင်မြတ်နိုင်ပေမယ့်) နှစ်ပေါက်လို့ Long Term စာရင်းချုပ်တော့ အမြဲရှုံးနေတဲ့ 90% to 95% သော Global တခွင်က Losing Trader တွေရဲ့ အမူအကျင့်မှား၊ လုပ်ရပ်မှားတွေ၊ သူတို့လို အမူအကျင့်ဆိုးတွေကို Long Term Vision ပိုင်ဆိုင်ထားမှ ကိုယ့်အလှည့်ကျ ဘာတစ်ခုမှ မလုပ်မိတော့မှာ ဖြစ်ပါတယ်။

🔴 Long Term Vision ရှိထားမှ...
- ခဏလေးနဲ့ အမြတ်များများလိုချင်ရင် ခဏလေးအတွင်းမှာပဲ များများရှုံးနိုင်တယ် ဆိုတဲ့ အသိ။

- အချိန်တိုအတွင်း Profit % ဘယ်လောက်ရကြောင်း၊ Signal 80%, 90% မှန်ကြောင်းပြောနေတဲ့ မက်လုံးတွေ (နိုင်ငံတကာ Trading Group တချို့ဆို တစ်လအတွင်း 200-300% Profit တွေတောင် ရိုးလာလို့ တစ်လအတွင်း thousands profit % စတာမျိုးတွေ၊ တစ်ပါတ်အတွင်း 100-200% ဆိုတာမျိုးတွေ၊ အရှုံးမရှိ အမြတ်ချည်းပဲ အာမခံ ဘာညာ၊Target 99% Ever Hit စတဲ့ မက်လုံးတွေ) နဲ့ ကြုံလာချိန်မှာ ကိုယ်က မက်လုံးနောက် ပါမသွားမှာပါ။ ဒါမျိုးတွေ တွေ့လာခဲ့၊ ကြုံလာခဲ့ရင် ဟုတ်မဟုတ်က Long Term Vision နဲ့ပဲ ဆင်ခြင်နိုင်မှာပါ။

🔴 Long Term Vision ရှိထားမှ...
· မက်လုံးတွေနဲ့ လောဘရဲ့နောက်ကို မလိုက်မိမှာ၊ မှန်ကန်စနစ်ကျတဲ့ ပညာရပ်တွေကိုပဲ လေ့လာဆည်းပူးမိမှာ၊

· Entry ၀င်တိုင်း တစ်ရက်တာအမြတ်ထက် တစ်နှစ်တာအတွင်း မရှုံးဖို့အတွက် ရေရှည်ကိုကြည့်ပြီး Entry မ၀င်ခင် အခါခါ သေချာအောင်ကြည့်မိမှာ၊ Entry တိုင်းကို အလွယ်မဝင်၊ ကိုယ့် စံညွှန်းနဲ့ ကိုက်မှ ဝင်ဖြစ်မှာ၊

· စံညွှန်းနဲ့ ကိုက်တဲ့အချိန်ထိ စိတ်ရှည်လက်ရှည် စောင့်ခဲ့ရတဲ့ Order Entry တွေကိုလည်း Risk Control အမြဲလုပ်မိမှာ၊

· ရေရှည်ကိုတွေးထားသူမို့ အရောင်းအဝယ်တိုင်း စာရင်းလုပ်၊ လချုပ် နှစ်ချုပ်စာရင်းတွေ လုပ်ထားမိ၊ အမှားတွေကို မှတ်တမ်းထဲ ထည့်မှတ်ထားမိမှာ၊

· စာရင်းထဲက လုပ်မိခဲ့တဲ့ ကိုယ့်အမှားတွေ ကိုယ်တိုင်ပြန်မြင်ပြီး ပြန်ပြင်ဆင်နိုင်မှာ၊

... စတဲ့ စတဲ့ Professional Trader တိုင်း လိုက်နာကျင့်သုံးနေတဲ့ နည်းလမ်းတွေကို ကိုယ့်အလှည့်မှာ စနစ်တကျ လိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။



ပုံမှန် အရောင်းအ၀ယ် စီးပွားရေးလုပ်ငန်းတွေလို Win-Win Business လုပ်ငန်းမျိုးမဟုတ်၊ Globally Win or Lose Business ဖြစ်တဲ့၊ ကိုယ်နိုင်နေချိန် တစ်ယောက်ယောက်ရှုံး၊ ကိုယ်ရှုံးချိန် တစ်ယောက်ယောက်နိုင်နေမှာဖြစ်တဲ့... Financial Markets ရဲ့ Trading Business မှာ အောင်မြင်တဲ့သူတစ်ဦးအတွက် အခြားနယ်ပယ်တွေက Professional တွေထက် ပိုပြီး စည်းစနစ်ကျဖို့၊ ကိုယ့်စည်းကမ်း ကိုယ်လိုက်နာဖို့ လိုပါတယ်။


💢 ရေရှည်အကျိုး မတွေးထားတဲ့သူက စည်းကမ်း၊ စည်းစနစ်တွေကို ဂရုမစိုက်ပါဘူး။ စည်းကမ်း၊ စည်းစနစ်မရှိရင် FA, TA ရှိသမျှ Theory အကုန် အရည်ကျို သောက်ရုံမကလို့ ကိုယ်ပိုင် Theory ပဲ ထုတ်နိုင်ပါစေဦး။ စည်းကမ်းမရှိပဲ လောင်းကစားဆန်ဆန် လုပ်ချင်ရာလုပ်ပြီး ကျိန်းသေပေါက် 100% ရှုံးမှာပါ။


💢 ပညာရပ်တွေ အကုန်စင်မသိ၊ မှန်ကန်တဲ့ Concept တစ်ခုထဲကိုပဲ လေ့လာလေ့ကျင့်ပြီး ကိုယ်တိုင် Strategy(System) ချမှတ်၊ ကိုယ့် Strategy ရဲ့ Discipline အတိုင်း အမြဲလိုက်နာတဲ့သူတစ်ယောက်ဟာ
သူလေ့လာထားတဲ့ တစ်ခုတည်းသော ပညာရပ်ကို နည်းလမ်းမှန်မှန် အသုံးချမိတဲ့ အကျိုးရလဒ် Profit% တစ်ခုကို နှစ်စဉ်ရရှိနိုင်မှာ ဖြစ်ပါတယ်။



➤ ဒါကြောင့်မို့ အောင်မြင်တဲ့ Trader တစ်ဦးအဖြစ် ရေရှည်မှာ ရပ်တည်သွားနိုင်ဖို့...

( FA/TA တွေ၊ Trading System/Strategy တွေ၊ Discipline တွေ၊ Trading System/Risk and Money Management စတဲ့ ဘလာဘလာတွေ မလာသေးခင်...)  ဒီနေ့ကစပြီး...

· ငါသည် ရေရှည်မှာ အောင်မြင်တဲ့ Forex & Gold Professional Trader တစ်ဦး ဖြစ်ကို ဖြစ်ရမယ်။

· အရာရာကို Long Term Vision ကနေပဲ ကြည့်ပြီး ဆုံးဖြတ်မယ်။ Long Term မှာ အောင်မြင်ဖို့ပဲ အာရုံထားမယ်။

· Traderတိုင်း ကြုံနေရမယ့် နေ့စဉ် Profit/Loss... Win/Lose Condition တွေထက် Long Term မှာ Annual Profit % တစ်ခု ပုံမှန်ရဖို့ပဲ အာရုံထားမယ်။ ဖြစ်အောင်ကို ကြိုးစားမယ်။

· Long Term Vision နဲ့ မြင်နိုင်တဲ့ Trader တစ်ဦးအဖြစ် Long Term မှာ အောင်မြင်နိုင်ဖို့၊ လိုအပ်တာတွေ ဖြည့်ဆည်းလေ့ကျင့်ဖို့အတွက် ခုချိန်ကစပြီး Long Term စိတ်ထားကို စပြီး မွေးမြူကြည့်၊  Google, YouTube မှာ Global က Pro Trader တွေရဲ့ Trading Psychology တွေကို Long Term အမြင်နဲ့ လေ့လာကြည့်မယ်  ဆိုတဲ့ စိတ်ထားနဲ့ ခုချိန်ကစပြီး ရေရှည်အတွက် ခံယူချက် ခိုင်မာအောင်၊ မိမိစိတ်ထဲမှာ စွဲမြဲနေအောင် စကြိုးစားကြည့်ပါ မိတ်ဆွေ။


📝 ဒီစိတ်ထား၊ အတွေးအမြင်၊ ခံယူချက် ခိုင်မာသွားပြီဆို ရှေ့လာမယ့် Pro Trader ဖြစ်ဖို့လိုအပ်ချက်တွေကို
(ပြင်ဆင် ဖြည့်ဆည်းနေချိန် အချိန်ယူကောင်း ယူရမှာ ဖြစ်ပေမယ့်) ပြင်ဆင်ဖြည့်ဆည်းနေချိန်မှာ ခိုင်မာတဲ့ Long Term Vision ရှိနေတဲ့သူအတွက် အလွယ်တကူ ပြင်ဆင်ဖြည့်ဆည်းလို့ ရနေတာ၊ Result ကောင်းတွေ ထွက်လာတာတွေ တွေ့ရမှာပါ။

📝 ကိုယ့်ရဲ့ Result (Trading Edge) ကို ကိုယ်တိုင်မြင်လာတဲ့ နေ့ကစပြီး သင်ဟာ Program ရေးထားတဲ့ စက်ရုပ်တစ်ရုပ်လို ဒါတွေ့မှ ဒါလုပ်၊ ဒါမတွေ့ ဘာမှမလုပ်၊ ဒါတွေ့ချိန်တိုင်း ဒါပဲလုပ်  ဆိုတဲ့ ခလုတ်လေးနှိပ်ဖို့ပဲ စောင့်ကြည့်နေရတဲ့၊ အချိန်အများကြီး ပေးစရာမလို၊ နေရာမလို၊ ခေါင်းပူ အားကုန်စရာမလိုတဲ့ ကမ္ဘာ့အလွယ်ကူဆုံးအလုပ်တစ်ခုကို မိမိအားလပ်ချိန်မှာ လုပ်နေရင်း.. .. .. .. နှစ်ကုန်စာရင်းချုပ်တိုင်း ပုံမှန်ဝင်ငွေတွေ ဝင်နေတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။



* ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ဖြစ်ချင်တဲ့စိတ်ရှိဖို့ပဲ အဓိကလိုတာပါ။ ဖြစ်ချင်တဲ့စိတ်မရှိရင် ဘယ်လောက်အားထုတ်ထုတ် ဖြစ်ချင်တာ ဖြစ်လာမှာ မဟုတ်ပါဘူး။ *


* ဖြစ်ချင်စိတ်လည်း ပြင်းပြ၊ ဖြစ်မြောက်တဲ့အထိ အားထုတ်မယ့် Pro Trader လောင်းလျာတွေအတွက် ပန်းတိုင်ကို လမ်းကြောင်းမှန်က သွားနိုင်အောင် Forex Directory က Weekly Super Sunday Article တွေနဲ့ အပါတ်စဉ် မျှေ၀ပေးသွားပါ့မယ်။ လေ့လာထားတဲ့ ပိုးစုန်းကြူးအလင်းလောက်အသိတွေပဲ မျှေ၀ပေးနိုင်မှာ ဖြစ်ပေမယ့် စေတနာမှန်ကြောင့် အလင်းမရှိ၊ လမ်းပျောက်နေသူတချို့ လမ်းစကို ရေးရေးမြင်မိမယ်လို့ မျှော်လင့်မိရင်း.. .. ..



အောင်မြင်တဲ့ မြန်မာနိုင်ငံသား Professional Trader များ နေ့စဉ်နဲ့အမျှ တိုးပွားလာစေရန် ရည်သန်လျက်

- ဆန္ဒမွန်ဖြင့် -
Forex Directory


👇👀 Zawgyi Version 👀👇